Procedure for Passport Extension/Renewal:
သက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူး လက်မှတ်များ သက်တမ်းကုန်ဆုံး၍ အသစ် ပြန်လည် လျှောက်ထားရာတွင် သက်တမ်း မကုန်ဆုံးမီ (၆) လ အလိုတွင် ကြိုတင်၍ လျှောက်ထားရန် လိုအပ်ပါသည်။
(က) ဝင်ငွေခွန်ထမ်းဆောင်သူများ/အလုပ်လုပ်ကိုင်သူများ (Type – PJ)
- နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက်ကိုယ်ရေးလျှောက်လွှာ
- (အလုပ်လုပ်ကိုင်သူ PJ အမျိုးအစားနိုင်ငံကူးလက်မှတ် မရရှိသေးသူများ နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးပါရန်နှင့် အလုပ်လုပ်ကိုင်သူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့် ကိုယ်ရေး လျှောက်လွှာ)
- နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက် ပုံစံအား ပြည့်စုံစွာဖြည့်စွက်ရန် Passport-Form.pdf; Passport-Extension-Document.pdf;
- နိုင်ငံကူးလက်မှတ်မိတ္တူ (စာရွက်လွတ်ပါမကျန်)
- (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
- ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
- ဝင်ငွေခွန်ပေးဆောင်ခဲ့သည့် ပြေစာမိတ္တူ
- အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
- အလုပ်ခန့်စာ (ပထဆုံးအကြိမ် သက်တမ်းတိုး အသစ်လျှောက်ထားခြင်းဖြစ်ပါက)
- နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၄၀ (40 Euro)
(ခ) ခင်ပွန်း၏မှီခိုသူများ (Type-PT)
- နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက်ကိုယ်ရေးလျှောက်လွှာ
- (မှီခိုသူ PT အမျိုးအစားနိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးပါရန်နှင့် မှီခိုသူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့်ကိုယ်ရေးလျှောက်လွှာ)
- နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ အား ပြည့်စုံစွာဖြည့်စွက်ရန် Passport-Form.pdf; Passport-Extension-Document.pdf;
- အိမ်ထောင်စုစာရင်းမိတ္တူ
- နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ (စာရွက်လွတ်ပါမကျန်)
- (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
- ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲလက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
- အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
- နိုင်ငံခြားသား ခင်ပွန်းဖြစ်သူ၏ မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ် ယူရို (၁၀၀၀) ပေးသွင်းခြင်းအတွက် သံရုံးမှ ထုတ်ပေးထားသည့်စာ၊
- မြန်မာနိုင်ငံသား ခင်ပွန်း၏ မှီခိုဖြစ်ပါက ၎င်းမှ နောက်ဆုံးဝင်ငွေခွန် ထမ်းဆောင်ခဲ့သည့် ပြေစာမိတ္တူနှင့် လက်ထပ်စာချုပ်မိတ္တူ
- နိုင်ငံခြားသား ခင်ပွန်း၏ နိုင်ငံကူးလက်မှတ် မိတ္တူ၊ အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူနှင့် လက်ထပ်စာချုပ်မိတ္တူ
- နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၄၀ (40 Euro)
(ဂ) မှီခိုသူ မိသားစုဝင်များ (Type-PT)
နိုင်ငံခြားသား၏ မိသားစုဝင်များဖြစ်သည့် အတူနေ သား (အသက် ၂၁ နှစ်နှင့်အောက်)၊ သမီး (အသက် ၂၅ နှစ်နှင့်အောက်)၊ အတူနေ မိဘ (အသက် ၆၀ နှစ်နှင့်အထက်) တို့အနေဖြင့် မှီခိုသူ မိသားစုဝင်အဖြစ် နိုင်ငံကူးလက်မှတ်အသစ် သက်တမ်းတိုး လျှောက်ထားရာတွင်-
- မှီခိုသူ PT အမျိုးအစားနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအတွက် ကိုယ်ရေးလျှောက်လွှာ
(မှီခိုသူအဖြစ် မရရှိသေးသူများ နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးပါရန်နှင့် မှီခိုသူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့် ကိုယ်ရေးလျှောက်လွှာ) - နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံအား ပြည့်စုံစွာဖြည့်စွက်ရန် Passport-Form.pdf; Passport-Extension-Document.pdf;
- နိုင်ငံကူးလက်မှတ်မူရင်း နှင့် မိတ္တူ (စာရွက်လွတ်ပါမကျန်)
- (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့် ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
- ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
- အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
- နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၏ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
- မှီခို မိသားစုဝင် ဖြစ်ကြောင်း အထောက်အထား (မွေးစာရင်း၊ အိမ်ထောင်စုစာရင်း)
- နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၄၀ (40 Euro)
(ဃ) ကျောင်းသားများ (Type-PE)
အထက်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသားများ အနေဖြင့် ကျောင်းသားအဖြစ် နိုင်ငံကူးလက်မှတ် အသစ် သက်တမ်းတိုး လျှောက်ထားရာတွင်-
- ပညာသင် PE အမျိုးအစားနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအတွက် ကိုယ်ရေးလျှောက်လွှာ (ကျောင်းသားအဖြစ် ပထမဆုံးအကြိမ် လျှောက်ထားခြင်းဖြစ်ပါက နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးပါရန်နှင့် ကျောင်းသားအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့် ကိုယ်ရေးလျှောက်လွှာ)
- နိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက် အလက်ပုံစံအား ပြည့်စုံစွာဖြည့်စွက်ရန် Passport-Form.pdf; Passport-Extension-Document.pdf;
- နိုင်ငံကူးလက်မှတ်မူရင်း နှင့် မိတ္တူ (စာရွက်လွတ်ပါမကျန်)
- (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့် ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
- ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲလက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
- အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
- ကျောင်းသားဖြစ်ကြောင်း သက်ဆိုင်ရာကျောင်း၏ ထောက်ခံစာ
- ကျောင်းသားကဒ်မိတ္တူ
- ပညာသင်နှစ်အလိုက်ငွေသွင်းထားသည့်အထောက်အထား
- နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၄၀ (40 Euro)
ခွင့်ပြန် မြန်မာအလုပ်သမားများ ထောက်ခံစာ ရယူရာတွင်
- အောက်ဖော်ပြပါ စာရွက်စာတမ်းများ ကို တစ်ပါတည်းတင်ပြရန် လိုအပ်ပါသည်-
- (က) ကိုယ်ရေး လျှောက်လွှာ (Form)
- (ခ) မြန်မာနိုင်ငံကူးလက်မှတ် (မိတ္တူ)
- (ဂ) နိုင်ငံသား စိစစ်ရေးကတ်ပြား (မိတ္တူ)
- (ဃ) သက်တမ်းရှိ OWIC ကတ် ရှေ့/နောက် (မိတ္တူ)
- (OWIC ကတ်လျှောက်ထားခဲ့စဉ်က တင်ပြခဲ့သည့် လုပ်ငန်းခွင်မှ အခြားလုပ်ငန်း ခွင်သို့ ပြောင်းလဲလုပ်ကိုင်ခဲ့ပါက အလုပ်ပြောင်းရွှေ့စာ ပူးတွဲတင်ပြရန် လိုအပ် ပါမည်။ ထို့ပြင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် OWIC ကတ်အား အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။ အလားတူ OWIC ကတ်မရှိသေး သူများသည် မြန်မာနိုင်ငံသို့ ခွင့်ဖြင့် ပြန်ရောက်စဉ် ခွင့်ရက်အတွင်း OWIC ကတ် အချိန်မီလျှောက်ထားရရှိနိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာန၌ အမြန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။)
- (င) အမြဲတမ်းနေထိုင်ခွင့်ကတ် (သို့မဟုတ်) အလုပ်လုပ်ကိုင်ခွင့်ကတ် (သို့မဟုတ်) ဗီဇာ(မိတ္တူ)
- (စ) ခွင့်အမျိုးအစားနှင့် ခွင့်ကာလတို့ ဖော်ပြပါရှိသည့် ကုမ္ပဏီ/ဌာန/အလုပ်ရှင်၏ ခွင့်ပြုစာ
- (ဆ) ကုမ္ပဏီလုပ်ငန်းသို့ ဆက်သွယ်နိုင်မည့်အချက်အလက်များ၊
- (ဇ) ကိုယ်ရေးရာဇဝင်ပုံစံ (Form PDF) (ယခင်သံရုံးသို့ ပေးပို့ခြင်းမရှိသေးပါက)
- (ဈ) ထောက်ခံစာ တစ်စောင်အတွက် ယူရို ၂၅
- ထုတ်ပြန်ကြေညာချက် အပြည့်အစုံ read more
Requirements for applying for birth registration for infants born to two parents who hold a Myanmar transit pass:
မြန်မာနိုင်ငံကူး လက်မှတ်လက်ဝယ်ရှိသူ မိဘနှစ်ပါးမှ မွေးဖွားလာသော မွေးကင်းစကလေးများအတွက် မွေးဖွားကြောင်းမှတ်ပုံတင်ရာ၌ လျှောက်ထားရန် လိုအပ်ချက်များ
Applying for an infant passport Applying for a new passport for children born to two Myanmar parents:
မွေးကင်းစကလေး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း
မြန်မာနိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း

