ပြည်ပနေနိုင်ငံသားများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမည့် အစီအစဉ်အား အသိပေးကြေညာခြင်း

သတင်းအချက်အလက်

Procedure for Passport Extension/Renewal:

သက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း

မြန်မာနိုင်ငံသားများ၏ မြန်မာနိုင်ငံကူး လက်မှတ်များ သက်တမ်းကုန်ဆုံး၍ အသစ် ပြန်လည် လျှောက်ထားရာတွင် သက်တမ်း မကုန်ဆုံးမီ (၆) လ အလိုတွင် ကြိုတင်၍ လျှောက်ထားရန် လိုအပ်ပါသည်။ 

(က) ဝင်ငွေခွန်ထမ်းဆောင်သူများ/အလုပ်လုပ်ကိုင်သူများ (Type – PJ)

  • နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက်ကိုယ်ရေးလျှောက်လွှာ
  • (အလုပ်လုပ်ကိုင်သူ PJ အမျိုးအစားနိုင်ငံကူးလက်မှတ် မရရှိသေးသူများ နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးပါရန်နှင့် အလုပ်လုပ်ကိုင်သူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့် ကိုယ်ရေး လျှောက်လွှာ)
  • နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက် ပုံစံအား ပြည့်စုံစွာဖြည့်စွက်ရန် Passport-Form.pdf; Passport-Extension-Document.pdf;
  • နိုင်ငံကူးလက်မှတ်မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • ဝင်ငွေခွန်ပေးဆောင်ခဲ့သည့် ပြေစာမိတ္တူ
  • အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
  • အလုပ်ခန့်စာ (ပထဆုံးအကြိမ် သက်တမ်းတိုး အသစ်လျှောက်ထားခြင်းဖြစ်ပါက)
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၃၅ (35 Euro)

(ခ) ခင်ပွန်း၏မှီခိုသူများ (Type-PT)

  • နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက်ကိုယ်ရေးလျှောက်လွှာ
  • (မှီခိုသူ PT အမျိုးအစားနိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးပါရန်နှင့် မှီခိုသူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့်ကိုယ်ရေးလျှောက်လွှာ)
  • နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံ အား ပြည့်စုံစွာဖြည့်စွက်ရန် Passport-Form.pdf; Passport-Extension-Document.pdf;
  • အိမ်ထောင်စုစာရင်းမိတ္တူ
  • နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့်ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲလက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
  • နိုင်ငံခြားသား ခင်ပွန်းဖြစ်သူ၏ မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ် ယူရို (၁၀၀၀) ပေးသွင်းခြင်းအတွက် သံရုံးမှ ထုတ်ပေးထားသည့်စာ၊
  • မြန်မာနိုင်ငံသား ခင်ပွန်း၏ မှီခိုဖြစ်ပါက ၎င်းမှ နောက်ဆုံးဝင်ငွေခွန် ထမ်းဆောင်ခဲ့သည့် ပြေစာမိတ္တူနှင့် လက်ထပ်စာချုပ်မိတ္တူ
  • နိုင်ငံခြားသား ခင်ပွန်း၏ နိုင်ငံကူးလက်မှတ် မိတ္တူ၊ အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူနှင့် လက်ထပ်စာချုပ်မိတ္တူ
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၃၅ (35 Euro)

(ဂ) မှီခိုသူ မိသားစုဝင်များ (Type-PT)

နိုင်ငံခြားသား၏ မိသားစုဝင်များဖြစ်သည့် အတူနေ သား (အသက် ၂၁ နှစ်နှင့်အောက်)၊ သမီး (အသက် ၂၅ နှစ်နှင့်အောက်)၊ အတူနေ မိဘ (အသက် ၆၀ နှစ်နှင့်အထက်) တို့အနေဖြင့် မှီခိုသူ မိသားစုဝင်အဖြစ် နိုင်ငံကူးလက်မှတ်အသစ် သက်တမ်းတိုး လျှောက်ထားရာတွင်-

  • မှီခိုသူ PT အမျိုးအစားနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအတွက် ကိုယ်ရေးလျှောက်လွှာ
    (မှီခိုသူအဖြစ် မရရှိသေးသူများ နိုင်ငံကူးလက်မှတ် အသစ် ထုတ်ပေးပါရန်နှင့် မှီခိုသူအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့် ကိုယ်ရေးလျှောက်လွှာ)
  • နိုင်ငံကူး လက်မှတ် လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက်အလက်ပုံစံအား ပြည့်စုံစွာဖြည့်စွက်ရန် Passport-Form.pdf; Passport-Extension-Document.pdf;
  • နိုင်ငံကူးလက်မှတ်မူရင်း နှင့် မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့် ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲ လက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
  • နိုင်ငံခြားသား (သို့မဟုတ်) နိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၏ နိုင်ငံကူးလက်မှတ် မိတ္တူနှင့် အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
  • မှီခို မိသားစုဝင် ဖြစ်ကြောင်း အထောက်အထား (မွေးစာရင်း၊ အိမ်ထောင်စုစာရင်း)
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၃၅ (35 Euro)

(ဃ) ကျောင်းသားများ (Type-PE)

အထက်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များတွင် တက်ရောက်နေသော ကျောင်းသားများ အနေဖြင့် ကျောင်းသားအဖြစ် နိုင်ငံကူးလက်မှတ် အသစ် သက်တမ်းတိုး လျှောက်ထားရာတွင်-

  • ပညာသင် PE အမျိုးအစားနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအတွက် ကိုယ်ရေးလျှောက်လွှာ (ကျောင်းသားအဖြစ် ပထမဆုံးအကြိမ် လျှောက်ထားခြင်းဖြစ်ပါက နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးပါရန်နှင့် ကျောင်းသားအဖြစ် သတ်မှတ်ပေးပါရန် လျှောက်ထားသည့် ကိုယ်ရေးလျှောက်လွှာ)
  • နိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံနှင့် ကိုယ်ရေး အချက် အလက်ပုံစံအား ပြည့်စုံစွာဖြည့်စွက်ရန် Passport-Form.pdf; Passport-Extension-Document.pdf;
  • နိုင်ငံကူးလက်မှတ်မူရင်း နှင့် မိတ္တူ (စာရွက်လွတ်ပါမကျန်)
  • (၆) လအတွင်း ရိုက်ကူးထားသော အဖြူနောက်ခံနှင့် ရိုက်ထားသည့် ပါတ်စပို့ဆိုဒ် ရောင်စုံဓါတ်ပုံ (၂)ပုံ
  • ထိုးမြဲလက်မှတ် (လျှောက်လွှာနှင့်အတူ ပူးတွဲပါ သတ်မှတ်ထားသည့် ပုံစံတွင် ထိုးမြဲလက်မှတ်အား မှင်အနက်ဖြင့် ရေးထိုးပေးရန် လိုအပ်ပါသည်။)
  • အမြဲတမ်းနေထိုင်ခွင့်ကတ်ပြားမိတ္တူ
  • ကျောင်းသားဖြစ်ကြောင်း သက်ဆိုင်ရာကျောင်း၏ ထောက်ခံစာ
  • ကျောင်းသားကဒ်မိတ္တူ
  • ပညာသင်နှစ်အလိုက်ငွေသွင်းထားသည့်အထောက်အထား
  • နိုင်ငံကူးလက်မှတ်အသစ်ခ ယူရို ၃၅ (35 Euro)

myanmar Requirements for applying for birth registration for infants born to two parents who hold a Myanmar transit pass:

 မြန်မာနိုင်ငံကူး လက်မှတ်လက်ဝယ်ရှိသူ မိဘနှစ်ပါးမှ မွေးဖွားလာသော မွေးကင်းစကလေးများအတွက် မွေးဖွား‌ကြောင်းမှတ်ပုံတင်ရာ၌ လျှောက်ထားရန် လိုအပ်ချက်များ

read more

 

myanmar Applying for an infant passport Applying for a new passport for children born to two Myanmar parents:

 မွေးကင်းစကလေး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း

မြန်မာနိုင်ငံသား မိဘနှစ်ဦးမှ မွေးဖွားလာသည့် ကလေးများအတွက် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားခြင်း

read more